Monday, May 16, 2016

ဇွဲ

ဇွဲ
-----

မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းတုံးက ရဟန်းသံဃာ
တော်တွေ ဆွမ်းကွမ်းမပြည့်စုံလို့  လူထွက်ကြပေမဲ့
ရဟန်းဘဝကိုမြတ်နိုးလွန်းလို့ ဆိုပြီး မထွက်ပဲ
အဆင်းရဲခံ အငတ်အပြတ်ခံပြီး နေခဲ့တယ်
ဖိနပ်လှူမဲ့သူမရှိလို့  ပေါက်နေတဲ့ဖိနပ်ကိုတောင်
ဖာပြီးစီးရတယ် နှစ်ထပ်သင်္ကန်းကြီးကို
တခြမ်းခွဲပြီး သိမ်းထားရာကနေ ဆွမ်းမပြည့်စုံလို့ 
ဆန်နဲ့ လဲစားခဲ့ရတယ် လယ်သမားတဦးကပ်တဲ့
ဘဲဥတခြမ်းနဲ့ ဆွမ်းဟာ အကောင်းဆုံးဆွမ်းအဖြစ်
မှတ်တမ်းတင်ထာဲး့တယ် အချိုပွဲကတော့
လဘက်ခြောက်ဖတ်တွေကို သုတ်စားရသတဲ့
အဲဒီလိုဇွဲရှိခဲ့လို့ လည်း ဒီကနေ့ သာသနာတော်မှာ
မဟာဂန္ဓာရုံ ရယ်ဆိုပြီးလက်မထောင်နေခဲ့ရပြီ

မဟာစည်ဆရာတော်ကြီးရဲ့ ဆရာတော်
ဦးနာရဒ ဆိုတာ ဖေါင်းပိန်ကမ္မဋ္ဌာန်းကိုစပြီး
ဖေါ်ထုတ်ခဲ့သူပါ ညောင်လေးပင်မှာ ဖေါင်းပိန်
တရားဟောတော့ လက်မခံလို့ အုပ်ခဲနဲ့ ပေါက်တာ
ပလ္လင်ပေါ်မှာတင်သွေးအလိမ့်လိမ့်နဲ့ ဆက်ပြီးဟောခဲ့
ရသတဲ့ အဲဒီလိုဇွဲကောင်းခဲ့လို့ လည်း ဒီကနေ့ 
မဟာစည်ဆိုပြီး ကမ္ဘာမှာရော မြန်မာမှာပါ
ထင်ရှားလာခဲ့ရတာပေါ့

လယ်တီဆရာတော်ဘုရားကြီးကလည်း
ဗုဒ္ဓကိုပူဇော်တဲ့အနေနဲ့ မဟာသရဏဂုံ ဂုဏ်တော်
ကြီးကို ရွတ်ဖတ်ပူဇော်တာ ၅ လတိတိကြာမြှင့်ပြီး
အကြိမ်ပေါင်း သန်းနဲ့ တော်ချီသတဲ့ အဲဒီလို
စာဖတ်ရင်ဖရောင်းတိုင်ကုန်သွားလို့ အားမရနိုင်တဲ့
အတွက် လေးထောင့်သံဗုံးကိုမီးစာတက်ပြီး
စာဖတ်ခဲ့လို့ ပညာရှိကြီးဖြစ်ကာ ဋီကာကျော်နဲ့ 
ဋီကာစစ်ပွဲဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်ကျော်
မှားယွင်းနေတဲ့ ဋီကာအမှားတွေကိုထောက်ပြနိုင်ခဲ့ပြီး
ဋီကာကျော်ရဲ့အရပ်ဒေသဖြစ်တဲ့ သီဟိုဠ်သာသနာ့
တက္ကသိုလ်တွေမှာ လယ်တီဒီပနီက မင်းမူနေသတဲ့
၁၉၆၄ ခုနှစ်မြန်မာနိုင်ငံကပ်ဆိုက်တော့
မဟာသရဏဂုံ ဂုဏ်တော်ကြီးရွတ်ဖတ်တဲ့
အကျိုးတွေ ပြုလုပ်ခဲ့တဲ့ ရေဝတ်တွေကို
တိုင်တည်ပြီး ကပ်ကို ကယ်နိုင်ခဲ့ပါတယ်

အိုင်းစတိုင်းဟာ အနုမြူကို နှစ်ပေါင်းများစွာ
ရှာဖွေခဲ့ရတယ် အက်ဒီဆင်ဟာမီးကိုရှာတွေ့ ဖို့ 
အကြိမ်ပေါင်း ၂၀၀၀ ကျော်စမ်းသပ်ခဲ့ရတယ်
ဦးသန့် ဟာ ထမင်းစားရင်းတောင် စာဖတ်တယ်

အားလုံးဟာ ဇွဲ  ရှိခဲ့လို့ ပါပဲ

ပြောချင်တာက

ကြီးကျယ်ခမ်းနားချင်ရင်  ဇွဲ  လိုတယ်

ဘာပဲလုပ်လုပ်  ဇွဲ  ရှိနိုင်ကြပါစေ

share


No comments:

Post a Comment