Friday, May 13, 2016

ကဲ ပြော

ကဲ   ပြော
------------

လူအမည်    သိဒ္ဓတ္တ
ဘွဲ့ အမည် ဂေါတမ

အမေ အဖေ နာမည် အပြည့်အစုံရှိတယ်

ဘယ်နှစ်ခုနှစ်က ဘုရားဖြစ်တာလည်း အတိအကျရှိတယ်

ဘယ်နှစ်ခုနှစ်မှာ ပရိနိဗ္ဗါန် ပြုတာလည်း အတိအကျရှိတယ်

သူဟောတဲ့ တရားတော်တွေဟာ ဓမ္မခန္ဓာပေါင်း
ရှစ်သောင်းလေးထောင်ရှိတယ်

ဘုရားဖြစ်ဖို့  လေးအသင်္ချေကမ္ဘာတသိန်း ပါရမီဖြည့်ဆည်းခဲ့ရတယ်

ဒါနပါရမီတခုတည်းတင်ကြည့်လိုက်
ဘုရားဖြစ်ဖို့  လှူခဲ့ရတဲ့ သွေးတွေဟာ
သမုဒ္ဒရာလေးစင်းထဲက ရေထက်များတယ် တဲ့

လှူခဲ့တဲ့မျက်လုံးတော်တွေက သိပ္ပံပညာရှင်တွေ
မရေမတွက်နိုင်ဘူးလို့ ပြောတဲ့ ကောင်းကင်က
ကြယ်တာရာတွေထက် ကိုများသတဲ့

သတ္တဝါတွေကို သံသရာကနေ ကယ်တင်ချင်လို့ 
သစ္စာလေးပါးကို ကိုယ်တိုင်သိပြီး သူများတွေကိုလည်း သိပါစေဆိုတဲ့စေတနာနဲ့  ပေးဆပ်ခဲ့ရတာ

သဗ္ဗေညုတ ဥာဏ်တော်ကြီးကို ပိုင်ဆိုင် ခဲ့လို့ 
အတုလံ အတုမရှိ ဆိုပြီ ကြီးကျယ်ခမ်းနားခဲ့တယ်

သူဟောတဲ့ တရားတော်တွေကို ကျင့်သုံးပြီး
သစ္စာလေးပါးဆိုက်ရောက်ကာ နိဗ္ဗါန်ကို
မျက်မှောက်ပြုသွားကြသူတွေဟာ
အရင်ကလည်း အများကြီး
အခုလည်း အများကြီး

ကိုယ်လုပ်မှ ကိုယ်ရမယ်
ကိုယ်လုပ်သလောက်ရမယ်
ကိုယ်မလုပ်ရင်ကိုယ်မရဘူး
မင်းတို့ ကို ငါဘုရားမကယ်နိုင်ဘူး
မင်းတို့ ရဲ့ကယ်တင်ရှင်က မင်းတို့ ပဲ
ငါဘုရားရှင်ဟာ လမ်းပဲ ပြနိုင်တယ် ဆိုတဲ့
ဓမ္မဒိဋ္ဌာန်ကျတဲ့ အာမခံမှု့တွေကြောင့်
အမြဲတမ်းပဲ လက်မထောင်နိုင်ခဲ့တဲ့ ဘာသာပါ

အခု

ငြိမ်းချမ်းရေးဖေါ်ဆောင်တယ်ဆိုတဲ့
အယူအဆ နဲ့ 
ဒီလိုပုံတွေနဲ့  ဖေါ်ဆောင်လို့  ရမယ်ထင်လား

ဘုရားရှင်တွေက ဘာမှ မတတ်နိုင်ဘူး

တရားတော်တွေကို ကျင့်သုံးပြီးမှ
ချမ်းသာမှု့ အစစ်ကို ရှာလို့ တွေ့ မှာ

မယုံရင်
ဂေါတမ ဗုဒ္ဓ ဆိုတဲ့ ဘုရားရှင်ရဲ့
တရားတော်တွေကို လေ့လာကြည့်
ကျင့်သုံးကြည့်
မကြိုက်ဘူးဆိုရင် လက်မခံနဲ့ 
အဲဒီလိုကို အာမခံနဲ့ ဟောထားခဲ့တာ

အတုမရှိတဲ့အတွက်
ဘယ်ဘုရာနဲ့ မှ လက်ချင်းမချိတ်ဘူး

ငြိမ်းချမ်းမှု့ဖေါ်ဆောင်တယ် ဆိုတာလည်း
ဘုရားနဲ့ ဖေါ်ဆောင်လို့ မရဘူး
တရားနဲ့ ပဲ ဖေါ်ဆောင်လို့ ရမယ်

ကဲ - - - ပြော

တခြားဘုရားတွေရဲ့ ရာဇဝင် ဇစ်မြစ် နဲ့ 
ဘာတွေ ဟောခဲ့တယ် ပြောခဲ့တယ်
ပြီးတော့ သစ္စာလေးပါကို ဘယ်သူမျက်မှောက်ပြုခဲ့တယ်
ဆိုတာကို
ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ 
သိချင်တယ်

--------------------------------------

မှတ်ချက်
ဘယ်ဘာသာကိုမှ စော်ကားလိုစိတ်မရှိပါဘူး
ဘာသာတရားတွေကို
ဆန်းစစ်ဖို့ လောက်သာ ရေးတာပါ

share


No comments:

Post a Comment