Friday, May 13, 2016

ပုထုဇဉ်သံဃာမှာ- ဘာများ ကြည်ညိုစရာ ရှိလဲ ?



ပုထုဇဉ်သံဃာမှာ-
ဘာများ ကြည်ညိုစရာ ရှိလဲ ?
****************************
မိလိန္ဒမင်းက ပုထုဇဉ်ရဟန်းတော်များ
အပေါ် အမြင်မကြည်လင်တဲ့အတွက်
“ကြည်ညိုစရာ တကွက်မှရှာမရ"ဖြစ်နေလို့-
အရှင်နာဂသေနမထေရ်က ရှာပြတဲ့-
ကြည်ညိုစရာများ...

၁/ရေနွေးဟာ ပွက်ပွက်ဆူအောင်
ပူနေသော်လဲ-
မီးခဲကိုတော့ ငြိမ်းစေနိုင်တယ်..။

၂/နွံဗွက်ရေဟာ နောက်ကျူနေသော်လဲ-
မစင်ကိုတော့ ဆေးကြောနိုင်တယ်..။

၃/တခြမ်းပုပ်သစ်သီးမှာလဲ-
ပြင်းပြတဲ့ဆာလောင်မှုကို ပြေစေနိုင်တဲ့
တကိုက်စာလောက်တော့ -အကောင်း
ရှိသေးတယ်..တဲ့။

ပုထုဇဉ်ရဟန်းတော်တို့ရဲ့ ကိလေသာကို
ရေနွေးလောက်ပူနေတယ်ထင်ရင်..
ကိုယ့်သန္တာန်မှာလောင်နေတဲ့-
ကိလေသာမီးခဲနဲ့ နှိုင်းယှဉ်ကြည်ညိုပါ။

ပုထုဇဉ်ရဟန်းတော်ရဲ့ သီလကို
ဗွက်အိုင်ထဲကရေလို နောက်ကျူနေတယ်
ထင်ရင်-
ကိုယ့်မှာ စွန်းပေနေတဲ့ -မစင်လောက်အပြစ်တွေကို-
ဆင်ခြင်ပြီး ကြည်ညိုပါ။

ပုထုဇဉ်ရဟန်းရဲ့ သီလကို-
သစ်သီးပုပ်တလုံးလို မြင်ရင်..
ကိုယ့်ရဲ့ ပြင်းပြဆာလောင်နေတဲ့
တဏှာရာဂ အဆာဓာတ်ကို
သတိရပြီး ကြည်ညိုပါ..လို့
ဆုံးမတော်မူတာပါ။

(ဘုန်းကြီးတွေဟာ-
သမုတိတွေပါ..
ပုထုဇဉ်တွေပါ..ဆိုပီး
မလေးမစား
(တချို့ တိရစ္ဆာန်နဲ့နှိုင်းပြီး)
ပြစ်မှားဝံ့ကြသူတို့ သတိပြုကြဖို့ပါ)

စာပေအတွေးအခေါ်နဲ့ ဝတ္ထုတိုများမှ


No comments:

Post a Comment