Saturday, May 28, 2016

ငါ လည်းလူထွက်​မယ်

ငါလည်း လူထွက်မယ် တဲ့
-------------------------

အခုအချိန်ဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် အင်မတန်မှ
အရေးကြီးလှတဲ့အချိန်ဖြစ်တယ်

သာသနာတော်အတွက် ကြိုးစားပန်းစား ကာကွယ်
နေရတဲ့အချိန်မှာ တချို့က ဗုဒ္ဓတရားတော်အတိုင်းသာ ကျင့်ကြံနေထိုင်ရင်
ဘာမှစိုးရိမ်စရာမလိုဘူး ဆိုသူတွေကလည်း
များပြားလှပါတယ်

တခါတရံမှာ အမှန်အမှားထက် အင်အားကြီးသူက
အနိုင်ရသွားတတ်တယ်ဆိုတာကို သတိထားကြစေချင်ပါတယ်

အိန္ဒိယမှာ ဘာ့ကြောင့်သာသနာကွယ်သလဲ

အင်ဒိုနီးရှားနိုင်ငံစတင်ထူထောင်စက ဗုဒ္ဓဘာသာ
လေးအိမ်ပဲရှိပါတယ်

အာဖဂန်နစ္စတန်တို့  ပါကစ္စတန်တို့ ဆိုတာ
တချိန်က ဗုဒ္ဓကျောင်းတော်ကြီးတွေ တည်ရှိခဲ့တဲ့
နေရာကြီးတွေပါ

အခု ဘူးသီးတောင်မောင်းတော
ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာကလည်း
တွေ့ ကြုမြင်ကြတဲ့အတိုင်းပါပဲ

ဗုဒ္ဓသာသနာတော်အတိုင်း ကျင့်ကြံနေထိုင်ရင်
ဘာမှမဖြစ်ဘူးဆိုတာက သာသနာတော်အတွက်
စိတ်အေးရတဲ့အချိန်ကိုပြောတာပါ
သမ္မာဒိဋ္ဌိအင်အားများပြီး မိစ္ဆာဒိဋ္ဌိအင်အား
နည်းနေတဲ့အချိန်ကိုပြောတာပါ

အခုက

ခရစ်ယာမ်က သန်း ၁၆၀၀ ကျော်
အစ္စလာမ်က  ၁၄၀၀ ကျော်
ဗုဒ္ဓဘာသာက သန်း ၆၀၀ ကျော်ရှိပေမဲ့
တကယ့်ထေရဝါဒစစ်စစ်က သန်း ၁၇၀ ကျော်ပဲရှိတယ်

ဒီကြားထဲ နိုင်ငံရေးအခြေအနေကြောင့်
ပဋိပက္ခဖြစ်ပြီး ဗုဒ္ဓဘာသာအချင်းချင်း သွေးကွဲ
နေတဲ့အချိန်

နယ်ချဲ့ လာတဲ့ ဘာသာခြားအန္တရယ်ကို
ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ စဉ်းစား
ဒီလိုအင်အားကွာပုံမျိုးနဲ့ ကတော့
ရေရှည်မခံနိုင်မှာ သေချာပါတယ်

ဒုဋ္ဌဂါမဏိမင်းလက်ထက်က ကျည်းကုလား
အန္တရယ်ကြောင့်သာသနာကွယ်မဲ့အချိန်မှာ
တောထဲမှာတရားအားထုတ်နေတဲ့ အဘယ
မထေရ်ကြီးဆီကို မင်းကြီးကလာရောက်ပြီး
အရှင်ဘုရားသာသနာတော်မြတ်ကြီးအတွက်
စိုးရိမ်စရာအခြေအနေဖြစ်နေပြီး အရှင်ဘုရား
အေးအေးချမ်းချမ်းတရားရှာနိုင်မှာမဟုတ်တော့ဘူးဆိုတော့ အဘယမထေရ်က ဒါဆိုငါလည်း လူထွက်ပြီး
တိုက်မယ်လို့ ပြောပြီ ရှေ့တမ်းကနေကျည်းကုလား
တွေကို တိုက်ထုတ်ခဲ့တယ် အဘယ စစ်သူကြီးဆိုပြီးထင်ရှားခဲ့တယ်
သာသနာတော်အတွက် စိတ်အေးရပြီဆိုမှ
ရဟန်းပြန်ဝတ်ပြီး အရဟတ္တဖိုလ်ကို အရယူခဲ့တယ်

တကယ်တော့

သာသနာတော်ကွယ်ရင် အကုန်အပါယ်ဆင်းကြရတော့မယ်
လေးအသင်္ချေကမ္ဘာတသိန်းပါရမီဖြည့်ကျင့်ခဲ့ရတဲ့
ဘုရားရှင်သာသနာတော်ဟာ ဘယ်လောက်ထိ
တန်ဘိုးကြီးလည်းဆိုတာ ဗုဒ္ဓဘာသာဝင်တွေ
သိပါတယ်

ဘုရားရှင်ရဲ့တရားအတိုင်း အေးအေးချမ်းချမ်း
တရားရှာနိုင်ဖို့ ဆိုတာ သာသနာတော်ရှိမှာ
ဖြစ်မှာပါ

တခါတရံ အမှန်တရားဟာ
အင်အာကြီးသူတွေအောက်မှာ
ပျောက်ကွယ်သွားတတ်ပါတယ်

ဗုဒ္ဓဘာသာဝင်များ
စည်းလုံးကြဖို့  အချိန်တန်ပြီလို့ 
သတိပေးပါရစေ

share


No comments:

Post a Comment