Friday, May 13, 2016

သံသယ မရှိကြနဲ့ 

သံသယ မရှိကြနဲ့ 
-------------

မိုးကုတ်ဆရာတော်ဘုရားကြီးက ဥာဏ်ကြီးလို့ 
ဖြစ်ပျက်ကို ရှု့ ခိုင်းတာ  မဟာစည်ဆရာတော်ဘုရား
ကြီးက သတိအားကောင်းလို့  ဖေါင်း ပိန်ကို ညွန်ခဲ့တာ
လယ်တီဆရာတော်ဘုရားကြီးက ဓာတ်တွေ
ပရမတ်တွေနဲ့  တရားရခဲ့လို့  ဓာတ် ပရမတ်တွေကို
လမ်းညွန်ခဲ့တာ  ဝေဘူဆရာတော်ဘုရားကြီးက
ဝိရိယအားကောင်းလို့  ဝင်လေထွက်လေကို
ပြင်းပြင်းထန်ထန်ရှု့ ခိုင်းတာ  ကျွန်တော်တို့ တွေက
ကမ္မဋ္ဌာန်းအပေါ် သံသယရှိစရာမလိုဘူး

ဘုရားတစ်ဆူတစ်ဆူ လက်ထပ်မှာ ၂၄ သင်္ချေ
ကုဋေ ၆၀ ဗိုလ်ချေတစ်သိန်း ကျွတ်တမ်း
ဝင်တယ် ဘုရားရှင်တွေနဲ့ အတူ သင်္ချေ ၂၀ ကျွတ်
တမ်းဝင်သွားတယ် ၄ သင်္ချေ ကုဋေ ၆၀ နဲ့ 
ဗိုလ်ချေတစ်သိန်းက သူ့ ဆိုင်ရာ ဆိုင်ရာ ဆရာတပည့်
တွေ အစုံလိုက် အစုံလိုက် ကျွတ်တမ်းဝင်ရမှာ

ဘုရားပေါ်တက်သလိုပါပဲ ဘယ်မုဒ်ကတက်တက်
တက်နေတုန်းဘေးကမြင်ကွင်းတွေပဲ ကွဲလိမ့်မယ်
ဘုရားပေါ်ရောက်ရင်တော့ အားလုံးမြင်ကွင်းဟာ
အတူတူဖြစ်သွားမှာပါပဲ  ဘယ်နည်းနဲ့ ပဲရှုရှု့ 
တရားရနိုင်တဲ့နည်းချည်းပဲဆိုတာကို ဆိုင်ရာ
ဆိုင်ရာ ဆရာတော်ကြီးတွေက အလုပ်နဲ့ ပါ
သက်သေပြပြီးကြပြီပဲ သံသယရှိစရာမလိုတော့ပါဘူး

တွေဝေနေရင်တော့ဖြင့်---------့


No comments:

Post a Comment