Friday, May 13, 2016

လိမ္မာကြပါ

လိမ္မာကြပါ
--------------

တချို့  ဘာသာရေးပို့ စ်တွေမှာ ဗုဒ္ဓဘာသာလူငယ်
အချို့ နဲ့  ဘာသာခြားလူငယ်များဟာ မခံချင်စိတ်
တွေနဲ့ ပြောကြဆိုကြရာကနေ ဘုရားပုံတော်တွေ
ကို မဖွယ်မရာတွေ ပြုလုပ်ပြီး ယုတ်ယုတ်ကြမ်းကြမ်းတွေနဲ့  အနိုင်ယူပြောဆို
နေကြတာတွေ့ ရတယ်

များစွာစိတ်မကောင်းဖြစ်မိပါတယ်

ဗုဒ္ဓက သာသနာပြုဖို့ အတွက်ကို
ချစ်သားတို့  ဟောကြ ပြောကြ ရေးသားကြ
ဖြန့် ဝေကြ တဲ့ သူတော်ကောင်းဇာတ်ရှိပေမဲ့
စစ်မှန်တဲ့ဓမ္မကို မနာကြားကြရလို့  အယူလွဲနေသူ
တွေ အများကြီးရှိတယ် ဒါ့ကြောင့် ချစ်သားတို့ 
ဟောကြ ပြောကြ လို့ မိန့် မှာခဲ့တယ်

ကိုယ့်ဘာသာကို တကယ်တန်ဘိုးထားရင်
အယူဝါဒ အကြောင်းရေးသားနိုင်တယ်
ဗုဒ္ဓက ဘယ်ကိစ္စကို ဘယ်လိုဟောခဲ့တာ
စသဖြင့် ရေးသားနိုင်ပါတယ် ဒါမှလည်း
စိတ်ဝင်စားတဲ့သူ လေ့လာကြလိမ့်မယ်
တရားကိုမြင်မှ ဘုရားကိုမြင်မှာဖြစ်တဲ့အတွက်
တရားဖြန့် ဝေဖို့ ကအဓိက ကျပါတယ်
လေ့လာတဲ့သူ စိတ်ဝင်စားမှု့ မဝင်စားမှု့ကတော့
သူ့ အပိုင်းပေါ့

ကိုယ်တောင် ကိုယ့်ဘုရားစော်ကားတာမခံနိုင်ရင်
သူများလည်း သူတို့ ဘုရားကိုစော်ကားတာ
ခံနိုင်မှာမဟုတ်ပါဘူး ဒါ သဘာဝကျပါတယ်

အခုတော့ အပြန်ပြန်အလှန်လှန်မခံချင်စိတ်တွေနဲ့ 
စော်ကားကြ ရေးသားကြ ဆဲဆိုကြတော့
ရလာတဲ့အကျိုးအပြစ်က မနည်းလှဘူး

ဗုဒ္ဓကိုစော်ကားတဲ့ ဘာသာခြားတွေအတွက်လည်း
အကျိုးပေးမနည်းသလို
ကိုယ့်မှာလည်း အချိန်ကုန် ငွေကုန် ဒေါသထွက်ပြီး
အကုသိုလ်တတ်ရတဲ့အတွက် သုံးခါရှုံးပါတယ်

ဘာအကျိုးရသလည်းဆိုတော့
နှစ်ဘက်လုံး အကုသိုလ်တွေသာတိုးပွားကြရတယ်

ငါတို့ ဘုရားက ဘယ်လိုဆိုတာက
အရေးမကြီးပါဘူး
ငါတို့ ဘုရားဟောထားတဲ့တရားက
ဘယ်လိုဆိုတာက အရေးကြီးတာပါ

သာသာခြားတွေက
မသိလို့ မိုက်မဲတာ
ဗုဒ္ဓဘာသာဝင်တွေက
သိလျှက်နဲ့ မိုက်မဲတာ

ကိုယ့်သာသနာကို ကျယ်ပြန့် အောင်
ပြုလုပ်တဲ့နေရာမှာ မခံချင်စိတ်ရှိနေရင်
ကျယ်ပြန့် အောင်ဆောင်ရွက်လို့ မရပါဘူး

ဗုဒ္ဓဘာသာဝင်လူငယ်များအား
အကြံပေးပါရစေ

အပြန်ပြန်အလှန်လှန်ဆဲဆိုနေမဲ့အစား
တရားတော်တွေကိုသာ ရေးတင်ကြပါ
အကုသိုလ်လည်းကင်း
ကုသိုလ်လည်းရ ကာ
သာသနာတော်ကိုလည်း
ကျယ်ပြန့် အောင်ဆောင်ရွက်သလိုဖြစ်ပါတယ်

ဘေကုန်
ငွေကုန်
အချိန်ကုန် ပြီး
အကုသိုလ်မယူကြပါနဲ့ 

လိမ္မာကြပါ  လို့ 

တိုက်တွန်းပါရစေ

share


No comments:

Post a Comment