Saturday, May 28, 2016

ပုဂံ (သို့မဟုတ်) မြန်မာတို့ရဲ့ နှလုံးသား

ပုဂံ (သို့မဟုတ်) မြန်မာတို့ရဲ့ နှလုံးသား
--------------------------------------------

ပုဂံမှာ ဘုရားပုထိုးစေတီပေါင်း လေးသန်းကျော်တည်ထားခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ?

ပုဂံတွင် တည်ထားခဲ့သော ဘုရား/ပုထိုး/စေတီ အရေအတွက်နှင့် ပတ်သတ်၍ " လှည်းဝင်ရိုးသံ တညံညံ " သံပေါက်ဖြင့် မှတ်သားခဲ့ကြသည်။ယင်းအဆိုအရ အဆူပေါင်း ၄,၄၄၆,၇၃၃ ရှိသည်။မိုင် ၂၀ ပတ်လည်ဒေသအတွင်း ဘုရားအဆူ ဤ မျှလောက် များများစားစားတည်ရန်နေရာရှိပါမည်လောဟု စဉ်းစားသင့်သည် ။ ။ ။

တစ်ဖန် " ရွှေလ သာ ဝါဝါဝင်း " ဟူ၍ ပုဂံဘုရားအဆူပေါင်း ၄၄၆,၄၄၄ ဧရာဝတီမြစ်ကမ်း ပြိုရာတွင်ပါသွားသည်ဟု မှတ်တမ်းတင်ထားသည်။

ပုဂံတည်ရာသည် ဧရာဝတီမြစ်ကမ်း ပြိုခြင်းမရှိနိုင်သော ပထဝီအနေအထားအရ ထိုစကားကိုလည်း စဉ်းစားသင့်ပေသည်။ (??????)

" လှည်းဝင်ရိုးသံ " လောက်သာယူလျှင်လည်း ၄၄၄၆ ဆူသာရရှိသည်။ " မြတ်ဘုရားဆူရေ  ဖြူရွှေလိုဝင်း " ကဗျာအရလည်း ၄၄၄၅ ဆူသာရှိသည်။ကိုလိုနီ ခေတ် ကမ္ဗည်းကျောက်စာဌာနမှတ်တမ်းအရ ၂၁၇၁ ဆူသာရှိသည်။

၁၉၆၈ ခုနစ်စာရင်းအရ ၂၂၁၇ ဆူရှိကြောင်း တွေ့ရသည်။ အမှတ်အသား သင်္ကေတအဖြစ် " ကျောင်းကြီးအုတ်နီ " ဟု မှတ်တမ်းတင်ထားသည်။

ပျောက်ပျက်သွားသည့် ဘုရားအဆူ ထက်ဝက်ခန့်ကိုပါ ထည့်တွက်လျှင် မိုင် ၂၀ ပတ်လည် ဧရိယာအကျယ် အဝန်းအတွင်း ပုဂံဘုရား အဆူပေါင်း ----

၅၀၀၀ ခန့်လောက်သာ အမှန်တကယ် ရှိနိုင်သည်။

ဗုဒ္ဓဘာသာဝင်မှန်ရင် like / share ပေးပါ


No comments:

Post a Comment