Friday, May 20, 2016

21.5.2016(လပြည့်​​နေ့)



ကမ္ဘာပေါ်တွင် မည်သည့်ဘာသာရေး
ခေါင်းဆောင်မှ မပြောရဲသောစကားကို
မြတ်ဗုဒ္ဓ ရဲရဲတောက်မိန့်ကြားခဲ့

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်
ဘုရားရှင်မိန့်ကြားခဲ့သော ကေသမုတ္တိသုတ္တန်
(ကာလာမသုတ်)ကိုကောင်းစွာသိသင့်လှပေသည်။ထိုသုတ်သည် မြတ်စွာဘုရား၏ ဘာသာရေးအမြင်တို့ကို ကောင်းစွာသိမြင်နိုင်သလို့ ဗုဒ္ဓဘာသာ၏အနှစ်သာရတို့ကို ကောင်းစွာသိနိုင်၍ ဖြစ်ပါသည်။ကာလမသုတ်သည် ကမ္ဘာပေါ်တွင်မည်သည့်
့ဘာသာရေးခေါင်းဆောင်မှ မပြောရဲ
မပြောနိုင်သော မြတ်စွာဘုရား
တစ်ပါးတည်းသာပြောခဲ့သောအယူအဆတို့ 
့ကို ဖော်ပြရာသုတ္တန်တစ်ခုဖြစ်ပါသည်။

ကာလာမသုတ်

ဘုရားရှင်သည် နယ်စပ်ရွာကြီးတစ်ရွာဖြစ်ေ သာ ကေသမုတ္တိရွာကြီးသို့ရောက်ရှိခဲ့စဉ် ၎င်းရွာကြီးတွင်ဘုရားရှင်အရှေ့ဦးစွာတိတ္ထိ
ပုဂ္ဂိုလ်(၆) ဦးမှ ငါဟောတာယုံ၊ သူများပြောတာမယုံနဲ့ဆိုပြီးမှားယွင်းသော အယူဝါဒများစွာကို ဟောကြားခဲ့ပြီးဖြစ်လို့
ရွာသားများအားလုံး အယူဝါဒနဲ့ ပတ်သက်
ပြီး တွေဝေနေကြသောအချိန်တွင်
ဘုရားရှင်မှ ကေသမုတ္တိသုတ်ကို ဟော တော်မူခဲ့သည်။ ၎င်းသုတ္တန်သည်
ယနေ့ကမ္ဘာပေါ်တွင် ရှိသမျှသော အတွေး
အခေါ်ပညာရှင်ကြီးများအားလုံးမှ
အထူးလေးစားဆုံးနှင့် ချီးမွမ်းရဆုံးသော သုတ္တန်တစ်ခု ဖြစ်ခဲပြီး ---
(၁) The Bravest Announcement အရဲရင့်ဆုံးသော ကြွေးကြော်သံ
်(၂) The Freedom of Thought အတွေးအခေါ်ပိုင်းဆိုင်ရာ
လွတ်လွတ်လပ်လပ် တွေးနိုင်ခြင်းဖြစ် ကြောင်း မှတ်တမ်းတင်ဂုဏ် ယူနေသော သုတ္တန် ဖြစ်ပေသည်။ ၎င်းသုတ္တန်တွင် အချက် (၁၀)ချက်ကိုပြခဲ့ပြီး၎င်း
(၁၀)ချက်ကို အလွယ်တကူ လက်ခံ
ယုံကြည်ခြင်းမပြုဘဲ ခေတ္တထားပြီး
သေချာစီစစ်ပြီးမှ ယုံရန်ဖြစ်သည်။
(၁) ဆင့်  - တစ်ဆင့်စကားပြောလာ
သောစကားကို မယုံနဲ့အုံး၊
(၂) ကော - ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး၊
(၃) စာ - စာအုပ်ထဲကပြောတိုင်းလည်းမယုံနဲ့အုံး၊
(၄) စဉ်- အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်းမယုံနဲ့အုံး၊
(၅) ကူး- ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး၊
(၆) တွေး -အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
(၇) ဆင် -ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး၊
(၈) ငါ့ -ငါ့အယူဝါဒသာ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
(၉) လေး - လေးစားကြည်ညိုထိုက်
သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး၊
(၁၀) ရာ -ငါ့ဆရာပြောတိုင်းလည်း
အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။
မည်သည့် အယူဝါဒဖြစ်စေ ကိုယ်တိုင် သာလျှင် သိအောင်လုပ်ကြ ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်လျှင် မှား / မှန် ၊ဆိုး /ကောင်းကို ကိုယ်တိုင် သိမြင်ပြီးမှ လက်ခံ ယုံကြည်ကျင့်သုံးကြရန် ဖြစ်ပေသည်။

(ကျေးဇူးတော်ရှင် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသရဲ့
"အနာဂတ် သာသနာရေး "စာအုပ်မှာ
ဆရာတော် ပြန်ဆိုထားတဲ့အတိုင်း ကူး
ယူထားတာပါ။)

The Sutta starts off by describing how the Buddha passes through the
village of Kesaputta and is greeted by its inhabitants, the Kalamas of
the title. They ask for his advice: they say that many wandering holy
men and ascetics pass through, expounding their teachings and
criticizing that of others. So whose teachings should they follow? He
delivers in response a sermon that serves as an entry point to the
Buddhadhamma for those unconvinced by mere spectacular revelation

The Buddha proceeds to list the criteria by which any sensible person
can decide which teachings to accept as true. Do not believe religious
teachings, he tells the Kalamas, just because they are claimed to be
true, or even through the application of various methods or
techniques. Direct knowledge grounded in one's own experience can be
called upon. He advises that the words of the wise should be heeded
and taken into account. Not, in other words, passive acceptance but,
rather, constant questioning and personal testing to identify those
truths which you are able to demonstrate to yourself actually reduce
your own stress or misery:

* Do not go upon what has been acquired by repeated hearing, * nor
upon tradition, * nor upon rumor, * nor upon what is in a scripture, *
nor upon surmise, * nor upon an axiom, * nor upon specious reasoning,
* nor upon a bias towards a notion that has been pondered over, * nor
upon another's seeming ability, * nor upon the consideration, "The
monk is our teacher."

Thus, the Buddha provides ten specific sources which should not be
used to accept a specific teaching as true, without further
verification:

1. Oral history 2. Traditional 3. News sources 4. Scriptures or other
official texts 5. Suppositional reasoning 6. Philosophical reasoning
7. Common sense 8. One's own opinions 9. Authorities or experts 10.
One's own teacher

Instead, he says, only when one personally knows that a certain
teaching is skillful, blameless, praiseworthy, and conducive to
happiness, and that it is praised by the wise, should one then accept
it as true and practice it. Thus, neither was this teaching intended
as an endorsement of radical skepticism:

On the basis of a single passage, quoted out of context, the Buddha
has been made out to be a pragmatic empiricist who dismisses all
doctrine and faith, and whose Dhamma is simply a freethinker's kit to
truth which invites each one to accept and reject whatever he likes.

၅- ကေသမုတ္တိသုတ်

၆၆။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ ရပါ သည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည်
များစွာသော ရဟန်း သံဃာတို့နှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ ကြွချီ တော်မူလတ်သော် ကာလာမမင်းတို့၏ ကေသမုတ္တမည်သောနိဂုံးသို့ ရောက်တော်မူ၏။

ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် ဤသို့ကြားသိကြကုန်၏။

"အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြု သည့် သာကီဝင်မင်းသား
ရဟန်းဂေါတမသည် ကေသမုတ္တနိဂုံးသို့
ရောက်လာတော်မူ၏။ ထိုအရှင်
ဂေါတမ၏ ကောင်းသော ကျော်စော
သတင်းသည် ဤသို့ပျံ့နှံ့၍ထွက်၏။ ထို
မြတ်စွာဘုရားသည် ပူဇော်အထူးကို
ခံတော်မူထိုက်သောအကြောင်း
ကြောင့်လည်း အရဟံ မည်တော်မူ၏။
ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်
တို့အား ဖူးမြော်ရခြင်းသည် ကောင်းသည် သာတည်း"ဟု (ကြားသိကြကုန်၏)။

ထို့နောက် ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် မြတ်စွာဘုရားအထံ
သို့ ချဉ်းကပ်ကြကုန်ပြီးလျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍
တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏။ အချို့တို့သည် မြတ်စွာဘုရားနှင့်
အတူဝမ်းမြောက် ဝမ်းသာ (နှုတ်ဆက် )
ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွ ယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် အမည်အနွ ယ်ကို ပြောကြားလျက် တစ်ခုသော နေရ
ာ၌ ထိုင်နေကုန်၏။ အချို့တို့သည်
တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌
ထိုင်နေကုန်၏။

တစ်ခုသော နေရာ၌ ထိုင်နေကြသော ကေသမုတ္တနိဂုံးသား ထိုကာလာမမင်းမျိုး
တို့သည် မြတ်စွာဘုရားအား "အရှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။
ထိုသမဏဗြာဟ္မဏတို့သည် မိမိ အယူဝါဒကိုသာလျှင် ပြပါကုန်၏၊
ထွန်းပစေပါကုန်၏။
သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင် ပြုပါကုန်၏၊ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊အရှင်ဘုရား တခြားသော
သမဏဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏၊
ထိုသမဏဗြာဟ္မဏတို့သည်လည်း မိမိ အယူဝါဒကိုသာလျှင် ပြပါကုန်၏၊
ထွန်းပစေကုန်ပါ၏၊ သူတစ်ပါး အယူဝါဒကိုမူကား ထိပါးပါကုန်၏၊
မထီမဲ့မြင် ပြုပါကုန်၏၊ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊အရှင်ဘုရား
ဤသမဏဗြာဟ္မဏတို့တွင် အဘယ် သမဏဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါသနည်း၊အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကိုဆိုပါသနည်းဟု အကျွန်ုပ်တို့အား ယုံမှားခြင်းတွေးတောခြင်း ဖြစ်ခဲ့ပါ၏" ( ဟု လျှောက်ကုန်၏)။

ကာလာမမင်းတို့. . သင်တို့အား ယုံမှားခြင်းငှါ သင့်ပေ၏၊ တွေးတောခြင်းငှါ သင့်ပေ၏၊ သင်တို့အား ယုံမှားခြင်းငှါ သင့်
သော အရာ၌ယုံမှားခြင်း ဖြစ်၏။

ကာလာမမင်းတို့ သင်တို့သည် ပြောသံ ကြားကာမျှဖြင့် ( ဟုတ်ပြီမှန်ပြီဟု အတည် ) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှ ဖြင့်လည်း ( ဟုတ်ပြီမှန်ပြီဟု အတည် ) မယူကုန်လင့်ဦး၊ ဤသို့ဖြစ်ဖူးသတတ်
ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီမှန်ပြီ ဟု အတည် )မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန် ) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း ( ဟုတ်ပြီ မှန်ပြီဟု အတည် )မယူကုန်လင့်ဦး ၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း
(ဟုတ်ပြီမှန်ပြီဟု အတည် ) မယူကုန်လင့် ဦး၊ နည်းမှီယူခြင်းမျှဖြင့်လည်း(ဟုတ်ပြီ မှန်ပြီ ဟု အတည် )မယူကုန်လင့်ဦး ၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း
(ဟုတ်ပြီမှန်ပြီဟု အတည် ) မယူကုန်လင့်
ဦး၊(ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့် ဦး ၊ ငါတို့လေးစားသောရဟန်း၏ စကား
ဟူ၍လည်း(ဟုတ်ပြီမှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကာလာမမင်းတို့ ဤတရားတို့ကား
အကုသိုလ်တရားတို့တည်း၊ ဤတရား
တို့ကားအပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံ
စေအပ် ဆောက်တည်အပ်ကုန်သည်ရှိ
သော် အစီးအပွားမဲ့ခြင်းငှါ
ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ
ပယ်စွန့်ကုန်ရာ၏။

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ တပ်မက်ခြင်း`လောဘ´သည် သတ္တဝါ၏ အတွင်း`အဇ္ဈတ္တ ´သန္တာန်၌ဖြစ်သော် အစီး အပွားရှိခြင်းငှါ ဖြစ်သလော၊ သို့မဟုတ်
အစီးအပွားမဲ့ခြင်းငှါ ဖြစ်သလောဟု
(မိန့်တော်မူ၏)။

"အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အရှင်
ဘုရား"

ကာလာမမင်းတို့ တပ်မက်သော ပုဂ္ဂိုလ် သည် တပ်မက်သော `လောဘ´ နှိပ်စက်
အပ် သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ သူ့ အသက်ကိုလည်း သတ်၏၊
မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊မဟုတ်
မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထိုအတိုင်း
ပြုရန် ဆောက်တည်စေ၏၊ ယင်းသူတစ်ပါး အသက်သတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီး
အပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

"ဖြစ်နိုင်ပါသည် အရှင်ဘုရား "

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။
အမျက်ထွက်ခြင်း `ဒေါသ´သည် သတ္တဝါ၏ အတွင်း`အဇ္ဈတ္တ´ သန္တာန်၌ ဖြစ်သော်
်အစီးအပွား ရှိခြင်းငှါ ဖြစ်သလော၊
သို့မဟုတ် အစီးအပွားမဲ့ခြင်းငှါ ဖြစ်သလော ဟု (မိန့်တော်မူ၏)။

"အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အရှင်
ဘုရား"

ကာလာမမင်းတို့ အမျက်ထွက်သော ပုဂ္ဂိုလ် သည် အမျက်ထွက်ခြင်း`ဒေါသ´
နှိပ်စက်အပ်သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊မပေး သည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊
မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူတစ်ပါး အသက်သတ်ခြင်း သတ်စေခြင်း
စသည်တို့သည် ထိုသူအား ကြာမြင့်စွာ
သော ကာလပတ်လုံး အစီးအပွား
မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ် လောဟု (မိန့်တော်မူ၏)။

"ဖြစ်နိုင်ပါသည် အရှင်ဘုရား "

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း
`မောဟ ´သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´ သန္တာန်၌ဖြစ်သော် အစီးအပွား
ရှိခြင်းငှါ ဖြစ်သလော။ပ။ ဆင်းရဲခြင်းငှါ
ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

"ဖြစ်နိုင်ပါသည် အရှင်ဘုရား "

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည်
ကုသိုလ်တရားတို့လော၊ သို့မဟုတ်
အကုသိုလ် တရားတို့လောဟု (မိန့်တော်မူ၏)။

"အကုသိုလ်တရားတို့ ဖြစ်ပါသည်
အရှင်ဘုရား"

အပြစ်ရှိသော တရားတို့လော ၊ သို့မဟုတ် အပြစ်မရှိသော တရားတို့လောဟု (မိန့်တော်မူ၏)။

"အပြစ်ရှိသော တရားတို့ဖြစ်ပါသည်
အရှင်ဘုရား"

ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော ၊ သို့မဟုတ် ပညာရှိတို့ ချီးမွမ်းအပ်သော
တရားတို့လောဟု (မိန့်တော်မူ၏)။

"ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ ဖြစ်ပါသည်အရှင်ဘုရား "

(ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွားမဲ့
ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊
( သို့မဟုတ်) မဖြစ်ကုန်သလော။
ဤနေရာ၌ (သင်တို့စိတ်)အဘယ်သို့
ရှိသနည်းဟု (မိန့်တော်မူ၏)။

"အရှင်ဘုရား ( ဤတရားတို့ကို) ပြည့်စုံ စေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန် သော် အစီးအပွါးမဲ့ခြင်းငှါ ဆင်းရြဲခင်းငှါ
ဖြစ်ကုန်ပါ၏၊ ဤနေရာ၌ တပည့်တော်
တို့၏(စိတ်) ဤသို့ ရှိပါသည်
အရှင်ဘုရား " ဟု (လျှောက်ကုန်၏)။

ကာလာမမင်းတို့ သင်တို့သည်
ပြောသံကြားကာမျှဖြင့်(ဟုတ်ပြီ
မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
အစဉ်အဆက် စကားမျှဖြင့်လည်း
မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်
ဟူသော စကားမျှဖြင့်လည်း
မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့
ရှေးဟောင်းကျမ်းဂန် )
စာပေနှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ကြံဆတွေးတော၍
ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊
နည်းမှီယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ယူထားသော
အယူနှင့်တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော
သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ၊ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊
ကာလာမမင်းတို့ `ဤတရားတို့ကား
အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့  တည်း၊ ဤတရားတို့ကားပညာရှိတို့ကဲ့ရဲ့
အပ်သော တရားတို့တည်း။ ဤတရားကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏ဟု သင်တို့သည် မိမိတို့ကိုယ်
တိုင်ပင် သိသော အခါ၌မူ ပယ်စွန့်ကုန်ရာ၏
ဟု ငါမိန့်ဆို့ခဲ့သော စကားသည်ကား ဤသည်ကိုစွဲ၍ မိန့်ဆိုသောစကား ဖြစ်၏။

ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့်  (
ဟုတ်ပြီမှန်ပြီဟု အတည်) မယူကုန်လင့်ဦး ၊အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ဖြစ်ဖူးသတတ် ဟူ
သော စကားမျှဖြင်လည်း မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်)
စာပေနှင့်ညီညွတ်ပေသည် ဟူ၍လည်း
မယူကုန်လင့်ဦး၊ကြံဆတွေးတော၍
ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊
နည်းမှီယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ၊အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်
နှစ်သက်၍ ယူထားသော အယူနှင့် တူညီ ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊
မှတ်ယူထိုက်သော
သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊
ငါတို့ လေးစားရသော ရဟန်း၏ စကား ဟူ၍လည်း မယူကုန်လင့်ဦး၊
ကာလာမမင်းတို့ `ဤတရားတို့ကား
ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသောတရားတို့တည်း၊ ဤတရား တို့ကားပညာရှိတို့ ချီးမွမ်းအပ်သော
တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံ စေအပ် ဆောက်တည်အပ်ကုန်သည်ရှိ
သော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏´ဟု သင်တို့သည် မိမိတို့ကိုယ်
တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံ
စေ၍ နေကုန်ရာ၏။

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း ၊မတပ်မက်
ခြင်း `အလောဘ´သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´သန္တာန်၌ဖြစ်သော် အစီးအပွား
ရှိခြင်းငှါဖြစ်သလော၊ သို့မဟုတ် အစီးအပွား မဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။

"အစီးအပွားရှိခြင်းငှါဖြစ်ပါသည် အရှင်
ဘုရား"

ကာလာမမင်းတို့. . မတပ်မက်သော ပုဂ္ဂိုလ် သည်တပ်မက်ခြင်း `လောဘ´
မနှိပ်စက်အပ်မသိမ်းယူအပ်သောစိတ်ရှိ သည်ဖြစ်၍သူ့အသက်ကိုလည်း
မသတ် ၊ မပေးသည်ကိုလည်းမယူ၊ သူ့မယားကိုလည်း မသွားလာ၊ မဟုတ်
မမှန်သော စကားကိုလည်း မပြောဆို၊ သူတစ်ပါးကိုလည်း ထိုအတိုင်း
(သူတစ်ပါးအသက် သတ်မှုစသည်) ပြုရန် မဆောက်တည်စေ၊ ယင်းသူတစ်ပါး
အသက်မသတ်ခြင်းစသည်တို့သည် ထို သူအား ကြာမြင့်စွာသော ကာလပတ်လုံး
အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင် သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

"ဖြစ်နိုင်ပါသည်အရှင်ဘုရား "

ကာလာမမင်းတို့.. . ထိုအရာကို အဘယ် သို့ မှတ်ထင်ကုန်သနည်း၊
အမျက်မထွက်ခြင်း `အဒေါသ´သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´သန္တာန်၌
ဖြစ်သော် မတွေဝေခြင်း`အမောဟ´ သည် သတ္တဝါ၏အတွင်း`အဇ္ဈတ္တ´သန္တာန်၌ဖြစ်
သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည်မဟုတ်လောဟု(မိန့်တော်မူ၏)၊

"ဖြစ်နိုင်ပါသည်အရှင်ဘုရား "

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည်
ကုသိုလ်တရားတို့လော၊ သို့မဟုတ်
အကုသိုလ်တရားတို့လောဟု
(မိန့်တော်မူ၏)။

"ကုသိုလ်တရားတို့ ဖြစ်ပါသည် အရှင်ဘုရား "

အပြစ်ရှိသော တရားတို့လော ၊ သို့မဟုတ် အပြစ်မရှိသော တရားတို့လောဟု မိန့်တော်မူ၏။

"အပြစ်မရှိသော တရားတို့ဖြစ်ပါသည်
အရှင်ဘုရား"

ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ သို့မဟုတ် ပညာရှိတို့ ချီးမွမ်းအပ်သော
တရားတို့လောဟု (မိန့်တော်မူ၏)။

"ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့ ဖြစ်ပါသည်အရှင်ဘုရား "

(ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော်
အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန် သလော ၊ သို့မဟုတ် မဖြစ်ကုန်သလော ၊ ဤနေရာ၌ (သင်တို့စိတ်)အဘယ်သို့
ရှိသနည်းဟု (မိန့်တော်မူ၏)။

"အရှင်ဘုရား . . . ( ဤတရားတို့ကို)
ပြည့်စုံစေအပ် ကောင်းစွာ
ဆောက်တည်အပ်ကုန်သော် အစီးအပွါး
ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ ဤနေရာ၌ တပည့်တော်တို့၏(စိတ်)
ဤသို့ ရှိပါသည် အရှင်ဘုရား" ဟု
(လျှောက်ကုန်၏)။

ကာလာမမင်းတို့.. . သင်တို့သည် ပြောသံကြားကာမျှဖြင့်  (ဟုတ်ပြီ
မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
အစဉ်အဆက် စကားမျှဖြင့်လည်းမယူ
ကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း
မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့
ရှေးဟောင်းကျမ်းဂန်)
စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍
ယူခြင်းမျှလည်း မယူကုန်လင့်ဦး၊ နည်းမှီး
ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊
အခြင်းအရာကို ကြံစည်သော
အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော
အယူနှင့် တူညီပေသည် ဟူ၍လည်း
မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော
သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊
ငါတို့လေးစားသော ရဟန်း၏
စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ `ဤတရားတို့ကား
ကုသိုလ်တရားတို့တည်း။ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊
ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ် သော တရားတို့တည်း၊
ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွား
ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏ဟု သင်တို့သည်
မိမိတို့ကိုယ်တိုင်ပင် သိသော အခါ၌မူ
ပြည့်စုံစေ၍နေကုန်ရာ၏ဟု
ငါမိန့်ဆိုခဲ့သော စကားသည်ကား ဤသည်ကိုစွဲ၍ မိန့်ဆိုအပ်သော စကား
ဖြစ်၏။

ကာလာမမင်းတို့ အရိယာတပည့်သည် ဤသို့မက်မောခြင်း`အဘိဇ္ဈာ´မှကင်း
သည် ပျက်စီးစေလိုခြင်း`ဗျာပါဒ´မှ ကင်း သည် တွေဝေခြင်းမရှိသည်
ဆင်ခြင်တုံတရားရှိသည် သတိနှင့်ပြည့်စုံ သည် ဖြစ်၍ မေတ္တာနှင့်
ယှဉ်သောစိတ်ဖြင့် တစ်ခုသော
အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။
ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။
သုံးခုမြောက် အရပ်မျက်နှာကို၊
လေးခုမြောက် အရပ်မျက်နှာကို
ပျံ့နှံ့စေ၍နေ၏။ ဤနည်းဖြင့် အထက် အောက်ဖီလာ အလုံးစုံသော
အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို
မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်
သော သတ္တလောကကို ပြန့်ပြော
သော မြင့်မြတ်သော အတိုင်းအရှည်မရှိ
သော ရန်မရှိသော ကြောင့်ကြခြင်းမရှိ
သော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့
စေ၍ နေ၏။ သနားခြင်း`ကရုဏာ´ နှင့်
ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း`မုဒိတာ´နှင့် ယှဉ်သော စိတ်ဖြင့် ၊လျစ်လျူရှုခြင်း
`ဥပေက္ခာ´နှင့် ယှဉ်သော စိတ်ဖြင့်  တစ်ခု
သော အရပ်မျက်နှာကို
ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်
မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာ
ကို ပျံ့နှံ့စေ၍နေ၏။ ဤနည်းဖြင့်  အထက် အောက်ဖီလာအလုံးစုံသော အရပ်
မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူ ပြု၍ သတ္တဝါအားလုံး ပါဝင်သော
သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်
သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြခြင်းမရှိသော လျစ်လျူရှုခြင်း
`ဥပေက္ခာ´နှင့် ယှဉ်သော စိတ်ဖြင့် 
ပျံ့နှံ့စေ၍နေ၏။

ကာလာမမင်းတို့.. . ဤသို့ ရန်ကင်းသော စိတ် ကြောင့်ကြကင်းသောစိတ်
မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိ သော အရိယာတပည့်အား
ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုး
တိုကို ရအပ်ကုန်၏။ တမလွန်လောကသည်
အကယ်၍ရှိအံ့၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော
ကုသိုလ်ကံ အကုသိုလ်ကံတို့၏
အကျိုးဆက် အကျိုးရင်းသည် အကယ်၍
ရှိအံ့၊ထိုသို့ ရှိခဲ့သော် ငါသည်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌
ကောင်းသော လားရာဖြစ်သော နတ်ပြည် သို့ရောက်ရလိမ့်မည် ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထိုအရိယာတပည့်အား ရအပ်သော ပဌမ ထောက်တည်ရာပေတည်း။

တမလွန် လောကသည် အကယ်၍ မရှိအံ့ ၊ ကောင်းစွာ ပြုအပ်သော မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကုံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ထိုသို့ မရှိခဲ့သော်
ငါသည် မျက်မှောက်ဘဝ၌ပင် ရန်မရှိသော ကြောင့်ကြမရှိသော ဆင်းရဲမရှိသော
ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရ
ပေ၏ဟူသော ထောက်တည်ရာကို
ရလေ၏။ ဤသည်ကား ထိုအရိယာ
တပည့်အား ရအပ်သော ဒုတိယ ထောက်တည်ရာပေတည်း။

မကောင်းမှုကို ပြုခဲ့လျှင် ပြုသည်မည်အံ့ ၊
ငါသည်တစ်စုံတစ်ခုသော
မကောင်းမှုကို အားမထုတ်ခဲ့ ၊ (မကောင်း
မှု)မပြုသော ငါ့အားအကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေအံ့နည်း
ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထိုအရိယာတပည့်အား ရအပ် သော တတိယထောက်တည်ရာပေတည်း။

မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်အံ့၊ထိုသို့ပြုသည်မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း ၊ ပြုသည်မမည် ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်
ရပေ၏ဟူသော ထောက်တည်ရာကို
ရလေ၏၊ ဤသည်ကား ထိုအရိယာ
တပည့်အားရအပ်သော စတုတ္ထ
ထောက်တည်ရာပေတည်း။

ကာလာမမင်းတို့ ဤသို့ရန်ကင်း
သောစိတ် ကြောင့်ကြကင်းသော စိတ် မညစ်ညူးသောစိတ် စင်ကြယ်
သောစိတ်ရှိသော ထိုအရိယာ တပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာ လေးမျိုး
တို့ကို ရအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

"မြတ်စွာဘုရား ဤအတိုင်းပင် မှန်ပါပေ၏၊ မြတ်စွာဘုရား ဤအတိုင်းပင် ဟုတ်ပါ ပေ၏၊ ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ်
မညစ်ညူးသောစိတ် စင်ကြယ်သောစိတ် ရှိ သော ထိုအရိယာ တပည့်အား
ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုး
တို့ကို ရအပ်ပါကုန်၏။ တမလွန်
လောကသည် အကယ်၍ ရှိအံ့၊ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက်
အကျိုးရင်းသည် အကယ်၍ ရှိအံ့ ၊ ထိုသို့
ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသော
လားရာ ဖြစ်သော နတ်ပြည်သို့ ရောက် ရလိမ့်မည်ဟူသော သက်သာရာကို ရလေ၏၊
ဤသည်ကား ထိုအရိယာတပည့်အား ရအပ် သော ပဌမထောက်တည်ရာပေတည်း။

"တမလွန် လောကသည် အကယ်၍ မရှိအံ့ ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏
အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ထိုသို့ မရှိခဲ့သော် ငါသည် ယခုဘဝ၌ပင် ရန်မရှိသော ကြောင့်ကြမရှိ
သော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရ၏ဟူသော
ထောက်တည်ရာကို ရလေ၏။ဤသည်ကား
ထိုအရိယာ တပည့်အား ရအပ်သော
ဒုတိယ ထောက်တည်ရာပေတည်း။

"မကောင်းမှုကို ပြုခဲ့လျှင် ပြုသည်မည်အံ့ ၊ ငါသည်တစ်စုံတစ်ခုသော
မကောင်းမှုကို အားမထုတ်ခဲ့ ၊
(မကောင်းမှု) မပြုသော ငါ့အားအကုသိုလ်
ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင် စေအံ့နည်းဟူသော
ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထိုအရိယာ တပည့်အား ရအပ်သော တတိယထောက်တည်ရာ
ပေတည်း။

မကောင်းမှု ပြုသော်လည်း ပြုသည်မမည်အံ့၊ထို
သူပြုသည် မမည်သော် ငါသည်
(မကောင်းမှုကို မပြုခြင်း၊ ပြုသည်မမည်
ခြင်းဟူသော)နှစ်ပါးစုံဖြင့်သာလျှင်
စင်ကြယ်သော မိမိကိုယ်ကို
ရှုမြင်ရပေ၏ဟူသော ထောက်တည်ရာကို
ရလေ၏။ ဤသည်ကား ထိုအရိယာ
တပည့်အား ရအပ်သော စတုတ္ထ ထောက်တည်ရာပေတည်း။

"အရှင်ဘုရား ဤသို့ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ်
မညစ်ညူးသောစိတ် စင်ကြယ်သောစိတ်
ရှိသော ထိုအရိယာတပည့်အား
ယခုဘဝ၌ပင် ဤထောက်တည်ရာ
လေးမျိုးတို့ကို ရအပ်ပါကုန်၏။

"အရှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။
အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊
သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ မြတ်စွာဘုရားသည်
အကျွန်ုပ်တို့ကို ယနေ့မှစ၍
အသက်ထက်ဆုံး (ရတနာသုံး
းပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ်တော်မူပါ"
ဟု (လျှောက်ကြကုန်၏)။

ပဉ္စမသုတ်။

Prem Adhikari

မြတ်ဗုဒ္ဓစာပေ blogger စာမျက်နှာမှ ကူးယူဖော်ပြသည်။


No comments:

Post a Comment