Saturday, May 28, 2016

လွဲ ချက်ကတော့ ကမ်းကုန်ပဲ

လွဲ ချက်ကတော့ ကမ်းကုန်ပဲ
•~•~•~•~•~•~•~•~•~•~•~•

မြန်မာလူမျိုး တချို့ ဟာ အလုပ်မလုပ်ချင်တဲ့
သူတွေကို ပြောလေ့ရှိကြတယ်

မင်း အဲဒီလောက်ပျင်းနေရင်
ဘုန်းကြီးဝတ်ပါလား  တဲ့

ဟင် - - - အဲဒါ ဗုဒ္ဓဘာသာတဲ့လား

ပြောတဲ့သူတွေကို မေးကြည့်ပါရစေ

လူ့ လောကရဲ့ စွဲမက်ဖွယ်ကောင်းတဲ့
ကာမဂုဏ်အာရုံ မှန်သမျှကို စွန့် နိုင်လား

နေ့ တိုင်း မနက် ၄ နာရီလောက်ထပြီး
နေပူပူ မိုးရွာရွာ ရပ်ကွက်တကာလှည့်ပြီး
ထီးမပါ ဖိနပ်မပါပဲ ဆွမ်းခံထွက်နိုင်လား

မိန်းမယူဖို့ မပြောနဲ့  လိင်ကိစ္စကို ကိုယ့်ဖာ
ကိုယ်တောင် မပြုလုပ်နိုင်အောင်
ထိန်းချုပ်နိုင်ရဲ့လား

ညနေစာမစားပဲနေနိုင်ရဲ့လား

အလှအပမပြင် အမွေးနံ့ သာ မသုံးပဲ
နေနိုင်ရဲ့လား

တနေ့ တနေ့ စာတွေသင် စာတွေဖတ်
ညကျရင်လည်း ဘုရားဝတ်တက်
စတဲံ့ အရာတွေနဲ့ သာ တနေကုန်ကျင်လည်နေနိုင်လား

စွဲမက်စရာကောင်းတဲ့ ဘောပွဲကြည့်
ဘီယာသောက် ကာလာအိုကေ မာဆက်
စတဲံ့အပျော်အပါးတွေကို သူများပြောတာ
လောက်သာကြားဖူးပြီး ကိုယ်ကိုယ်တိုင်
ကျင့်သုံးခွင့်မရှိတဲ့ ခံစားမှူ့ မျိုးကို
ခံစားနိုင်ကြရဲ့လား

ကိုယ်ကြိုက်တာ် ကိုယ်မစားရ ကိုယ်အသုံးပြု
ချင်တာကို မသုံးစွဲရပဲ သူများလှူ တာလေး
တွေနဲ့ သာ ကျေနပ်နှစ်သိမ့်နေရတဲ့
ခံစားမှူ့ မျိုးကို ခံစားနားလည်ရဲ့လား

မိန်းမချောလေးတွေမြင်ရင်ပတ်သတ်ချင်
တဲ့စိတ် ကိုယ့်မိသားစုနဲ့  ပျော်ပျော်ရွှင်ရွှင်
နေထိုင်ချင်တဲ့စိတ်ရှိပေမဲ့ အဲဒီလို စိတ်မျိုးတွေကို
မြိုသိပ်ထိန်းချုပ်နေကြရတဲ့ ခံစားမှူ့ မျိုးကို
တခါလောက်များ ခံစားမိရဲ့လား

ကိုယ်ကတော့ မိန်းမချောလေးတွေမြင်ရင်
ပတ်သတ်ချင်တယ် သူတို့ တတွေကရော
မပတ်သတ်ချင်ဘူးလို့  ထင်နေကြလား

သူတို့ တတွေဟာ ဘုရားရှင်ရဲ့
မြင့်မြတ်လှတဲ့သာသနာတော်ကြီးအတွက်
ဘဝတခုလုံး ပေးဆပ်ထားကြသူတွေလို့ 
ဘာ့ကြောင့်မမြင်နိုင်ကြတာလည်း

-
-
-
-

အများကြီးကျန်ပါသေးတယ်
စာရှည်မှာစိုးလို့ မပြောတော့ပါဘူး

ဒုလ္လဘဝတ်ယုံ
တရားစခန်းဝင်ယုံတောင်
လူပြန်ထွက်ချင်တဲ့စိတ်ကို လေ့လာ
ကြည့်ပါ

ကိုယ်ကိုယ်တိုင် တသက်လုံးမဝတ်နိုင်ဘူး
ဆိုတာ ပေါ်လွင်ထင်ရှားပါလိမ့်မယ်

အဲဒီလိုထိန်းချုပ်မှူ့ ပေါင်းများစွာကို
တသက်လုံးထိန်းချုပ်နေရတဲ့
ပုဂ္ဂိုလ်ကြီးတွေကို

ပျင်းတဲ့သူတွေလို့ 
စွပ်စွဲတာကတော့

မိတ်ဆွေတို့ ရယ်

မလွန်လွန်းဘူးလား

ဘာသာခြားတယောက်က
အဲဒီစကားကိုကြားသွားရင်
ဘုန်းကြီးဝတ်တာ လူပျင်းတွေပဲလို့ 
ထင်မသွားနိုင်ဘူးလား

ကိုယ်အသိနည်းတာလည်း
နည်းတာပေါ့
ဗုဒ္ဓဘာသာအမည်ခံထားပြီး

ဘုရားရှင်ကိုတော့
သိက္ခာမချကြပါနဲ့ လို့ 
ပြောချင်ပါတယ်

shareု


No comments:

Post a Comment